Saturday, October 20, 2007
Friday, October 19, 2007
SOURCE FROM MYANMAR .COM

Wednesday, October 10, 2007
Tuesday, October 09, 2007
စဉ်းစားပေးကြပါအုံး။
ကျွန်တော်လည်းယ္ခုတလော ပြည်တွင်းကသတင်းတွေကို သတင်းဌာနစာမျက်နှာတွေ၊ ဘလောက်စာမျက်နှာတွေမှာ လျှောက်ဖတ်ပြီး တစ်ယောက်ထဲ စိတ်မကောင်းဖြစ်လိုက်၊ ဒေါသတွေဖြစ်လိုက်၊ ဝမ်းနည်းလိုက်ဖြစ်နေတာတွေကို ခံစားနေရတာတွေဟာ ပြောမပြနိုင်လောက်အောင်ပါဘဲ။ ဘလောက်တွေကို လျှောက်ဖတ်ရင်းနဲ့ တွေ့နေရတာက ခံပြင်းစိတ်နဲ့ ဝမ်းနည်းဒေါသထွက်နေကြတဲ့ သာမန်ပြည်သူတွေက ဆီဗုံးတွေထဲမှာ မိမိတို့ရဲ့ဝမ်းနည်းဒေါသကို ပြေရာပြေကြောင်း ဖော်ပြတာတွေကို လိုက်ဖတ်ရင်းနဲ့ အလိုမကျတာ တစ်ခုကိုတွေ့လိုက်ရတယ်။ အဲဒါကတော့ ငမိုက်သားစစ်အုပ်စုတို့တစ်တွေကိုခွေးနဲ့ နှိုင်းထားခြင်းပါဘဲ။ တကယ်တမ်းပြောရစတမ်းဆိုလျှင် ခွေးကငမိုက်သား စစ်အုပ်စုတတွေထက် အများကြီး သစ္စာရှိပါတယ်။ ခွေးတွေကသူ့ကို ကျွေးမွေးပြုစုခဲ့တဲ့ သ္ခင်ကိုပြန်လည် ကျေးဇူးဆပ်ခဲ့တဲ့ သာဓကတွေ များစွာရှိပါတယ်။ တကယ်ဆိုရင် အခုတလောဖြစ်ရပ်တွေကို ကြည့်ပြီးပြန်လည် သုံးသပ်မည်ဆိုလျှင် သည်လူမိုက်တစ်စုဟာ ခွေးလောက်မှ သစ္စာမရှိတာကို တွေ့ရပါလိမ့်မည်။ ကျွန်တော့်အမြင်နှင့် ပြောရမည်ဆိုလျှင် အနှိုင်းခံရသော ခွေးကိုချစ်သောသူများမခံ နိုင်မည်မှာ သေချာသည် ။ အမှန်အတိုင်း ပြောကြရမည်ဆိုလျှင် ၄င်းတို့၏မိုက်မဲမှုအတွက်ခိုင်းနှိုင်းစရာ စကားလုံးကို ကျွန်တော့အနေနှင့် ရှာဖွေ၍မရနိုင်တာကတော့ အသေအချာပင်ဖြစ်ပေသည်။
မြင့်မြတ်သောတိုက်ပွဲ အတွင်းကျဆုံးသွားသော ရဟန်းသံဃာများနှင့် အာဇာနည်များအား အစဉ် ဦးညွတ်လျှက်၊